ဒီ article series လေးရဲ့နောက်ဆုံးအပိုင်းအဖြစ် ERD (Entity Relationship Diagram) တစ်ခုတည်ဆောက်တဲ့ပုံစံလေးကိုပြောပြပေးသွားချင်ပါတယ်။
Database တစ်ခုကို design ချတော့မယ်ဆိုရင် ERD ကအရေးပါတဲ့အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်ပါတယ်။ အကြမ်းဖျင်းရှင်းပြရမယ်ဆိုရင် ERD ဆိုတာ Database တစ်ခုမှာရှိနိုင်တဲ့ entities တွေရဲ့ ဆက်နွယ်မှုပုံစံကိုဖော်ပြဖို့အတွက်အဓိကအသုံးပြုတာဖြစ်ပါတယ်။ အောက်မှာ components တစ်ခုခြင်းဆီအတွက်အသေးစိတ်ထပ်ပြောပြပေးသွားပါမယ်။
Entities ဆိုတာကတော့ object တစ်ခု၊ solid concept တစ်ခုလို့သတ်မှတ်နိုင်ပါတယ်။ ဥပမာ E-commerce project တစ်ခုမှာဆိုရှိနိုင်တဲ့ entities တွေက customer products orders အစရှိသဖြင့်ပါဝင်နိုင်ပါတယ်။
Entity ထဲမှာပါတဲ့ properties တွေကို attributes လို့သတ်မှတ်နိုင်ပါတယ်။ ဥပမာ customer entity မှာဆို customer_id, name, email အစရှိသဖြင့် attributes တွေပါဝင်နိုင်ပါတယ်။
Entities တွေတစ်ခုနှင့်တစ်ခုဆက်နွယ်မှုကိုတော့ relationship လို့ခေါ်ဆိုပြီး relationship ပုံစံတွေကတော့ one-to-one, one-to-many, many-to-many ရှိတတ်ပါတယ်။
Entity တစ်ခုမှာ unique ဖြစ်နိုင်တဲ့ attribute တစ်ခု သို့ attributes အစုကို Primary key အဖြစ်သတ်မှတ်ပါတယ်။
Entities တွေတစ်ခုနှင့်တစ်ခုချိတ်ဆက်ဖို့အတွက် အခြား entity ရဲ့ primary ကို reference လုပ်တဲ့နေရာမှာအသုံးပြုပါတယ်။
ERD နဲ့ပတ်သတ်လာလို့ components တစ်ခုခြင်းဆီကိုခွဲထုတ်ပြီးရှင်းပြလိုက်ပေမယ့် အားလုံးကိုရှေ့က articles တွေမှာဖော်ပြဖူးတဲ့အတွက်နားလည်ရလွယ်ကူမယ်လို့ထင်ပါတယ်။
ERD ရဲ့ components တွေကိုသိသွားပြီဆိုတော့တစ်လက်စတည်း ERD တစ်ခုဆွဲကြည့်သွားကြပါမယ်။ ERD တစ်ခုဆွဲတော့မယ်ဆို
-
အရင်ဆုံးပါဝင်တဲ့ entities တွေကိုသတ်မှတ်ဖို့လိုပါတယ်။ အထက်မှာကျနော်ပြောခဲ့တဲ့ e-commerce system တစ်ခုမှာဆို
customers, products, orders, order_detailsတွေပါဝင်နိုင်ပါတယ်။ အခြားသော entities တွေလည်းအများကြီးရှိနိုင်ပါသေးတယ်။ ဒါပေမယ့်ဒီအပိုင်းမှာတော့ learning purpose ဖြစ်တဲ့အတွက်လက်ရှိ entities 4 ခုနဲ့ပဲဆွဲကြည့်ကြပါမယ်။ -
Entity တစ်ခုခြင်းဆီအတွက် attributes တွေသတ်မှတ်ကြပါမယ်။ I.
customers- customer_id (Primary Key)
- name
- address
II.
products- product_id (Primary Key)
- name
- price
- stock_left
III.
orders- order_id (Primary Key)
- order_date
- customer_id (Foreign Key)
IV.
order_details- order_detail_id (Primary Key)
- order_id (Foreign Key)
- product _id (Foreign Key)
- quantity
ကျနော်ကတော့ order နဲ့ order_details table ကိုခွဲပြီးတော့သိမ်းလေ့ရှိပါတယ်။ မိမိအဆင်ပြေသလိုတွဲပြီးသုံးမယ်ဆိုလည်းရပါတယ်။ Data amount များလာရင်တော့ခွဲပြီးသိမ်းတဲ့ပုံစံက performance အရရော structure အရရောပိုပြီးကောင်းစေပါတယ်။
- Entities တွေရဲ့ဆက်နွယ်မှုပုံစံတွေကိုသတ်မှတ်ကြပါမယ်။
- Customer တစ်ယောက်ဟာ orders တွေအများကြီးတင်နိုင်တယ်။
- Order တစ်ခုမှာလည်း order_details တွေထပ်ရှိနိုင်တယ်။
- Product တစ်ခုကလည်း order_details တွေထဲရှိနိုင်ပါတယ်။
Entities, attributes တွေနဲ့ relationships တွေသတ်မှတ်ပြီးပြီဆိုမိမိနှစ်သက်ရာ drawing tool နဲ့ ERD ကိုဆွဲချနိုင်ပါပြီ။ အောက်ကပုံကတော့ကျနော်ဆွဲထားတဲ့ပုံလေးဖြစ်ပါတယ်။
စနစ်ကျတဲ့ database တစ်လုံးတည်ဆောက်ရန်အတွက် ERD ဆွဲကြည့်ခြင်းဟာအလွန်အရေးပါပါတယ်။ Entities, attributes နဲ့ relationships တွေသတ်မှတ်ခြင်းအားဖြင့် တည်ဆောက်နေတဲ့ application ရဲ့လိုအပ်တဲ့ data structure ကိုထောက်ပံ့ပေးနိုင်မှာလည်းဖြစ်ပါတယ်။
